ဂျပန်ဘာသာစကား လေ့လာရေးသင်တန်း (၂၀၂၅ ခုနှစ်)

更新日:2026年02月06日

ページID: 11863

ဂျပန်ဘာသာစကားသင်တန်း ကျင်းပခဲ့ပါသည်။

ပထမအကြိမ် - "လူများနှင့် မိတ်ဖွဲ့ခြင်း"

နာမည်၊ နိုင်ငံ၊ အလုပ်အကိုင်နဲ့ ဝါသနာအကြောင်းတွေ ပြောနိုင်အောင် သင်ကြားခဲ့ပါတယ်။ တခြားသူတွေနဲ့လည်း အများကြီး စကားပြောခဲ့ကြပါတယ်။ ရက်စွဲနဲ့ ရက်သတ္တပတ် အခေါ်အဝေါ်တွေကိုလည်း လေ့လာခဲ့ပါတယ်။

すぐに役立つ日本語講座

ဒုတိယအကြိမ် - "ဈေးဝယ်ခြင်း"

စူပါမားကတ်မှာ ဈေးဝယ်တဲ့အခါ ပြောဆိုရမယ့် ပုံစံတွေကို လေ့လာခဲ့ပါတယ်။ ဝယ်ချင်တဲ့ ပစ္စည်းအမည်တွေနဲ့ ငွေကြေးအခေါ်အဝေါ်တွေကို သိရှိခဲ့ပါတယ်။ ဆိုင်ဝန်ထမ်းနဲ့ စကားပြောဆိုတဲ့ အလေ့အကျင့်ကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။

すぐに役立つ日本語講座

တတိယအကြိမ် - "ဘေးကင်းလုံခြုံစွာ နေထိုင်ခြင်း"

တန်ဘမြို့ရဲ့ သဘာဝဘေးအန္တရာယ်တွေအကြောင်း လေ့လာခဲ့ပါတယ်။ ဘေးအန္တရာယ်ဖြစ်တဲ့အခါ တိမ်းရှောင်ဖို့ နေရာတွေရှိတယ်ဆိုတာကို သိရှိခဲ့ပါတယ်။ အရေးပေါ်ရိက္ခာတွေကိုလည်း မြည်းစမ်းကြည့်ခဲ့ကြပါတယ်။

すぐに役立つ日本語講座
すぐに役立つ日本語講座

စတုတ္ထအကြိမ် - "ဘေးအန္တရာယ်ကာကွယ်ရေးဘူးပြုလုပ်ခြင်းနှင့် ဂျပန်ရိုးရာကစားနည်းများ"

"ခါရုတာ" (ဂျပန်ရိုးရာကတ်ကစားနည်း) ကို ကစားရင်း အမျိုးမျိုးသော ဘေးအန္တရာယ်များအကြောင်း လေ့လာခဲ့ပါတယ်။ "ဘေးအန္တရာယ်ကာကွယ်ရေးဘူး" (ဘေးအန္တရာယ်ဖြစ်တဲ့အခါ အသုံးပြုမယ့် ပစ္စည်းများထည့်ထားတဲ့ဘူး) ကို ပြုလုပ်ခဲ့ပါတယ်။ "ဖုကူဝါရအိ" (မျက်စိမှိတ်ပြီး မျက်နှာပုံဖော်ရတဲ့ကစားနည်း) ကိုလည်း ဆော့ကစားခဲ့ပါတယ်။ ("ခါရုတာ" နဲ့ "ဖုကူဝါရအိ" ဟာ ရှေးယခင်ကတည်းကရှိခဲ့တဲ့ ဂျပန်ရိုးရာကစားနည်းများ ဖြစ်ပါတယ်။)

すぐに役立つ日本語講座
すぐに役立つ日本語講座
すぐに役立つ日本語講座

ပဥ္စမအကြိမ် - "အမှိုက်စွန့်ပစ်ခြင်း"

အမှိုက်အမျိုးအစားခွဲခြားပုံနဲ့ စွန့်ပစ်ပုံတွေကို လေ့လာခဲ့ပါတယ်။ "ပြန်လည်အသုံးပြုနိုင်သော အမှတ်အသား" (Recycle marks) အမျိုးအစားတွေကို သိရှိခဲ့ပါတယ်။ အမှိုက်တွေကို ကိုယ်တိုင်ခွဲခြားတဲ့ အလေ့အကျင့်ကို လုပ်ဆောင်ခဲ့ပါတယ်။

すぐに役立つ日本語講座
すぐに役立つ日本語講座

ဆဋ္ဌမအကြိမ် - "တန်ဘမြို့ကို ပျော်ရွှင်စွာခံစားခြင်း"

တန်ဘမြို့ရဲ့ ကျော်ကြားတဲ့အရာတွေကို လေ့လာခဲ့ပါတယ်။ ရောက်ဖူးတဲ့နေရာတွေရဲ့ ခံစားချက်တွေကို ပြောဆိုခဲ့ကြပါတယ်။ နောက်ထပ်သွားချင်တဲ့နေရာတွေအကြောင်းကိုလည်း ပြောဆိုခဲ့ကြပါတယ်။ အားလုံးစုပေါင်းပြီး "ရောက်ဖူးတဲ့နေရာကတ်" နဲ့ "လုပ်ချင်တဲ့အရာကတ်" တွေကို ပြုလုပ်ခဲ့ကြပါတယ်။

すぐに役立つ日本語講座
すぐに役立つ日本語講座

သတ္တမအကြိမ် - "နေမကောင်းဖြစ်တဲ့အခါ"

နေမကောင်းဖြစ်တဲ့အခါ ရောဂါလက္ခဏာတွေကို ဘယ်လိုပြောရမလဲဆိုတာ လေ့လာခဲ့ပါတယ်။ ဆေးညွှန်းစာဖတ်နည်းကို လေ့လာခဲ့ပါတယ်။ ဆေးရုံတည်နေရာတွေနဲ့ ဆေးရုံသွားတဲ့အခါ လိုအပ်တဲ့အရာတွေကို သိရှိခဲ့ပါတယ်။

すぐに役立つ日本語講座

အဋ္ဌမအကြိမ် - "စာနှင့် ပါဆယ်ထုတ်များ ပေးပို့ခြင်း"

မိခင်နိုင်ငံကို ပါဆယ်ထုတ်ပေးပို့နည်းကို လေ့လာခဲ့ပါတယ်။ ပစ္စည်းပို့ခနဲ့ ကြာမြင့်မယ့်ရက်တွေကို ရှာဖွေကြည့်ခဲ့ပါတယ်။ စာတိုက်မှာ ပြောဆိုရမယ့် စကားပြောပုံစံတွေကို လေ့လာခဲ့ပါတယ်။

すぐに役立つ日本語講座

သင်တန်းဆင်းလက်မှတ်

ဤသင်တန်းကို (၆) ကြိမ်နှင့်အထက် တက်ရောက်သူများသည် သင်တန်းဆင်းလက်မှတ်ကို ရရှိခဲ့ကြပါသည်။

すぐに役立つ日本語講座

သတိပြုရန် - အောက်ပါအချက်အလက်များသည် ဂျပန်ဘာသာစကားသင်တန်းအတွက် သင်တန်းသားခေါ်ယူစဉ်က အချက်အလက်များဖြစ်ပါသည်။

လက်ငင််းအသ ်းဝင်တ ဲ့ဂျပန်ဘာသာစကာ်းသင်တန််း @တမ်ဘာမမ ြို့

ဂျပန်ဘာသာစကားကို လေ့လာချင်သူများအတွက် 「လက်ငင််းအသ ်းဝင်တ ဲ့ဂျပန်ဘာသာစကာ်းသင်တန််း@တမ်ဘာမမ ြို့」 ကို ဖွင့်လှစ်ပါမည်။
ဒီသင်တန်းအတွင်းမှာ အမှိုက်ခွဲခြားပုံ၊ သဘာဝဘေးအန္တရာယ် ကဲ့သို့သော နေ့စဉ်အသုံးပြုအခြေအနေများနှင့် ပတ်သက်သော စကားလုံးများ၊ ပြောဆိုနည်းများကို လေ့လာနိုင်ပါသည်။
နေ့စဉ်ဘဝအတွင်း ဂျပန်ဘာသာစကားကို အသုံးပြုပြီး အမျိုးမျိုးသောအရာများကို လုပ်နိုင်အောင် ဖြစ်လာပါမည်။

သင်တန်းတက်နိုင်သူများ

Tamba City တွင် နေထိုင်သူများ၊
Tamba City တွင် အလုပ်လုပ်သူများ၊
Tamba City ထဲရှိ ကျောင်းများတွင် တက်သူများ
နှင့် အသက် ၁၅ နှစ်နှင့်အထက် ဖြစ်သူများ။

・သတိပေးချက်

ဤသင်တန်းမှာ ဂျပန်ဘာသာစကားကို ပထမဦးဆုံး စတင်လေ့လာသူများ သို့မဟုတ် လွယ်ကူသော ဂျပန်စကားလုံးများကို နားလည်သူများအတွက် ဖြစ်ပါသည်။
ဂျပန်စကားကို ပြောတတ်သူများ၊ ဖတ်တတ်သူများနှင့် ရေးတတ်သူများအတွက် မဟုတ်ပါ။

သင်တန်းနေ့ရက်

၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့အထိ
အပတ်စဉ် စနေနေ့တိုင်း သင်တန်းပြုလုပ်ပါမည်။
စုစုပေါင်း ၈ ကြိမ် ဖြစ်ပါသည်။
နိုဝင်ဘာ ၂၉၊ ဒီဇင်ဘာ ၆၊ ဒီဇင်ဘာ ၁၃၊ ဒီဇင်ဘာ ၂၀၊ ဇန်နဝါရီ ၁၀၊ ဇန်နဝါရီ ၁၇၊ ဇန်နဝါရီ ၂၄၊ ဇန်နဝါရီ ၃၁
သင်တန်းအချိန်မှာ မနက် ၁၀:၃၀ မှ မွန်းတည့် ၁၂:၃၀ အထိ ဖြစ်ပါသည်။

・သတိပေးချက်

ဒီဇင်ဘာ ၂၇ နဲ့ ဇန်နဝါရီ ၃ တွင် သင်တန်း မရှိပါ။

နေရာ

တမ်ဘာမမ ြို့ န ိုင်င သာျုံးပလာဇာ

Yume Town ၏ ဒုတိယထပ်၊ 300 Hongo၊ Hikami-cho၊ Tamba City၊ Hyogo စီရင်စု

သင်တန်းအတွက် ငွေကြေး

အခကြေးငွေ မလိုအပ်ပါ။ အခမဲ့ ဖြစ်ပါသည်။


)

စာရင်းသွင်းခြင်း

သင်တန်းတက်ရန်အတွက် စာရင်းသွင်းရန် လိုအပ်ပါသည်။
နိုဝင်ဘာ ၂၀ ရက်နေ့မတိုင်မီ စာရင်းသွင်းပါ။
အောက်ပါ လင့်ခ်မှတဆင့် စာရင်းသွင်းနိုင်ပါသည်။

https://logoform.jp/form/bwxv/1240608

・သတိပေးချက်

ဤသင်တန်းကို လူ ၁၀ ယောက်သာ တက်နိုင်ပါသည်။
စာရင်းသွင်းသူ ၁၀ ယောက်ပြည့်သွားပါက နောက်ထပ် စာရင်းသွင်းမှု မဖြစ်နိုင်တော့ပါ။

လက်ငင််းအသ ်းဝင်တ ဲ့ဂျပန်ဘာသာစကာ်းသင်တန််း @တမ်ဘာမမ ြို့

この記事に関するお問い合わせ先

人権啓発センター 人権推進係
〒669-3692 兵庫県丹波市氷上町成松字甲賀1番地
(氷上住民センター別館内)
電話番号:0795-82-0242

メールフォームによるお問い合わせ